အရသာ (၄) မျိုးနဲ့ ရန်ကင်းထမင်းပေါင်းမီနူးအသစ်
YKKO မှာလက်ရှိရောင်းချနေတဲ့ ထမင်းပေါင်းမီနူးအပြင် အရသာ (၄)မျိုးနဲ့ ချက်ပြုတ်ထားတဲ့ရန်ကင်းထမင်းပေါင်းမီနူးအသစ်တွေကို ဒီဇင်ဘာလ (၂၂) ရက်နေ့မှစတင်ပြီး Yankin Express by YKKO ဆိုင်ခွဲတွေဖြစ်တဲ့ အင်းစိန်ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲနှင့်Junction City Food Streat ဆိုင်ခွဲတွေမှာ ရောင်းချသွားတော့မှာဖြစ်ပါတယ်။ YKKO မှာထမင်းပေါင်းအမြဲတမ်းစားနေကြသူတွေဆိုရင် အခုအသစ်မိတ်ဆက်လိုက်တဲ့ထမင်းပေါင်းအရသာက သင့်ကိုပိုပြီးစွဲလမ်းသွားစေမှာသေချာပါတယ်။ ရောင်းချသွားမယ့်ထမင်းပေါင်းအရသာ (၄)မျိုးက 🔸Grilled Pork Collar ဝက်ဂုတ်သားကင် 🔸 Chicken Chop ကြက်ပေါင်အရိုးထုတ် 🔸 Steamed Chicken ကြက်ပေါင်း 🔸Tonkatsu Pork Cutlet ဂျပန်ဝက်သားကြော် တို့ပဲဖြစ်ပါတယ်။
Cook At Home by YKKO
ထုတ်ပိုးမှုပုံစံ အသွင်သစ်နဲ့ (၅)မိနစ် အသင့်ချက်ကြေးအိုးထုပ် 🤗 ရန်ကင်းကြေးအိုးရဲ့မူလအရသာအတိုင်း မပြောင်းလဲဘဲထုတ်လုပ်ထားတဲ့ အသင့်ချက်ကြေးအိုးထုပ်တွေကို ဆွဲဆောင်မှုရှိတဲ့ ထုပ်ပိုးမှုပုံစံအသစ်နဲ့ထပ်မံထုတ်လုပ်ထားပါတယ်။ အသင့်ချက်ကြေးအိုးထုပ်တွေကို ဆိုင်ချက်အရသာအတိုင်းရရှိအောင် အသားလုံးအစစ်တွေနဲ့အတူ ပါဝင်ပစ္စည်းတိုင်းကို အချိုးကျကျပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဆိုင်ချက်ရန်ကင်းကြေးအိုး အရသာစစ်စစ်ကို အိမ်မှာ (၅)မိနစ်တည်းနဲ့ အလွယ်တကူချက်စားနိုင်မှာပါ။ ရရှိနိုင်တဲ့ကြေးအိုးထုပ်အမျိုးအစားတွေကတော့ ကြေးအိုးအရည်(ကြက်၊ ဝက်) နဲ့ ကြေးအိုးဆီချက်(ကြက်၊ဝက်) ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရန်ကုန်မြို့ရှိ YKKO ဆိုင်ခွဲများနှင့် City Mart, Ocean Supercenter, marketplace by City Mart ဆိုင်တွေမှာဝယ်ယူနိုင်ပါတယ်။ အသင့်ချက်ကြေးအိုးထုပ်တွေက HACCP လက်မှတ်ရရှိထားတာကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးစိတ်ချရတဲ့အပြင် တာရှည်ခံဆေးတွေ (လုံးဝ) အသုံးမပြုထားတဲ့အတွက် ယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်။
Yankin Express By YKKO
YANKIN EXPRESS ဆိုတာအစားအသောက်တွေကို ဈေးနှုန်းသက်သာပြီး အရသာရှိရှိသုံးဆောင်လိုတဲ့စားသုံးသူတွေအတွက် YKKO ကနေအသစ်မိတ်ဆက်လိုက်တဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ အိမ်မှာချက်ပြုတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေ၊ သန့်ရှင်းလတ်ဆက်ပြီးအစားအသောက်ကောင်းတွေကို တစ်နေရာထဲမှာသုံးဆောင်လိုသူတွေအတွက် YANKIN EXPRESS မီနူးတွေက ရွေးချယ်စရာတစ်ခုဖြစ်မှာပါ။ နိုင်ငံအရပ်ရပ်မှ အရသာရှိပြီး လူကြိုက်များတဲ့အစားအစာတွေရဲ့ Authentic အရသာစစ်စစ်တွေကို တစ်နေရာထဲမှာ အစုံအလင်ရောင်းချသွားမှာဖြစ်လို့ လာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။