မော်လမြိုင် Ocean ဆိုင်ခွဲမှာ တရုတ်စာမီနူးတွေရပြီ

မိသားစု ထမင်းဝိုင်းအတွက် မီနူးအသစ်တွေ စုံလင်နေပြီဖြစ်တဲ့ မော်လမြိုင် Ocean YKKO အရသာကောင်းပြီး သန့် ရှင်းလတ်ဆတ်တဲ့ Chinese Menu တွေမှ နှစ်သက်တယ်ဆိုရင် မော်လမြိုင် Ocean YKKO ဆိုင်ခွဲရဲ့ Menu အသစ်တွေထဲက လူကြိုက်များပြီး ခံတွင်းတွေ့ စေမယ့် မီနူးအချို့ ‌ကို ဝေမျှလိုက်ပါတယ်။ ဂျပန်ဝက်သားကြော်၊ ပုဇွန်တန်ပူရာ၊ ကုန်ဘောင်ကြီးကြော်၊ တုန်ယမ်းထမင်းကြော်၊ ပင်စိမ်းထမင်း၊ ယိုးဒယားဟင်းချို၊ ယိုးဒယားသင်္ဘောသီးထောင်း၊ မလေးရှားခေါက်ဆွဲကြော်၊ ကိုက်လန်ကြော်၊ ပင်လယ်စာ မာလာရှမ်းကော၊ ပသျှူးထမင်းကြော် တို့ပဲဖြစ်ပါတယ်။ ကဲအခုဆို မိသားစု ထမင်းဝိုင်း အတွက် ဗိုက်ပြည့်အောင် ရွေးမလား၊သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဆာပြေစားဖို့ပဲ ရွေးမလား ကြိုက်နှစ်သက်ရာကို မော်လမြိုင် Ocean ဆိုင်ခွဲမှာ စိတ်ကြိုက်‌ရွေးချယ်နိုင်ပြီနော်။ “ကြေးအိုးဆို YKKO”

𝐘𝐊𝐊𝐎 𝐆𝐫𝐚𝐧𝐝 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 𝐎𝐩𝐞𝐧𝐢𝐧𝐠

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ မော်လမြိုင်မြို့ ရဲ့ YKKO ဒုတိယမြောက်ဆိုင်ခွဲကို 𝐆𝐫𝐚𝐧𝐝 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥မှာ ခမ်းနားထည်ဝါစွာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ မော်လမြိုင်မြို့မှာ အခုလို ဆိုင်ခွဲတွေ ထပ်မံတိုးချဲ့ နိုင်တာဟာ 𝐘𝐊𝐊𝐎ကို အမြဲယုံကြည်အားပေး ကြတဲ့ ချစ်ခင်ရပါသော 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များကြောင့်ပဲ ဖြစ်ပါတယ်။ မူလအရသာမပြောင်းလဲပဲ 𝐘𝐊𝐊𝐎 ကြေးအိုးအရသာကို အဆင့်မြင့်ပြီး ခေတ်မှီတဲ့ပုံစံအသစ်နဲ့ ဆက်လက်ပြီး အကောင်းဆုံးနဲ့ အနွေးထွေးဆုံး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုအတွက် ကြိုးစားပေးကြတဲ့ ဝန်ထမ်းများ၊ ပံ့ပိုးပေးကြတဲ့ မိတ်ဖက်များနှင့် အမြဲတမ်းအားပေး ကြတဲ့ မိဘပြည်သူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ မော်လမြိုင်မြို့ မှာရှိတဲ့ 𝐘𝐊𝐊𝐎 𝐆𝐫𝐚𝐧𝐝 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 ဆိုင်ခွဲသစ်ဆီကို အရောက်လှမ်းခဲ့ဖို့ […]

အချက်အပြုတ်ကောင်းလို့ ခံတွင်းတွေ့ စေမယ့် ပင်လယ်ရဲ့လတ်ဆတ်မှုနဲ့ ကြေးအိုးစစ်စစ်အရသာ

သာမန်ကြေးအိုးအရသာကနေ ပင်လယ်ရဲ့အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး လတ်ဆတ်တဲ့ပင်လယ်စာကြေးအိုးဟာဆိုရင်𝐘𝐊𝐊𝐎 ဆိုင်ခွဲတွေမှာ ဇန်နဝါရီလ (𝟏𝟐 ) ရက်နေ့ကနေစတင်ပြီး မြည်းစမ်းခွင့်ရရှိတော့မှာဖြစ်ကြောင်းSeafood ကြိုက်သူတွေအတွက် ကြိုတင်သတင်းကောင်း ဝေမျှပေးလိုက်ပါတယ်။ 𝐉𝐚𝐧𝐮𝐚𝐫𝐲 လ (𝟏𝟐) ရက်နေ့ကနေ 𝐌𝐚𝐫𝐜𝐡လကုန်အထိ ရရှိမယ့် အထူးစပါယ်ရှယ်YKKO ပင်လယ်စာ မီနူးတွေကတော့ ပင်လယ်စာ ကြေးအိုး (𝐒𝐞𝐚𝐟𝐨𝐨𝐝 𝐊𝐲𝐚𝐲-𝐎𝐡)ပင်လယ်စာ ကြေးအိုးဆီချက်(𝐒𝐞𝐚𝐟𝐨𝐨𝐝 𝐊𝐲𝐚𝐲-𝐎𝐡 𝐒𝐢 𝐂𝐡𝐞𝐭)ပင်လယ်စာ အကင် ( 𝐒𝐞𝐚𝐟𝐨𝐨𝐝 𝐆𝐫𝐢𝐥𝐥𝐞𝐝)𝐘𝐊𝐊𝐎 ပင်လယ်စာ မီနူးတွေဟာဆိုရင် 𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐓𝐢𝐦𝐞 𝐎𝐟𝐟𝐞𝐫 ဖြစ်တဲ့အတွက်သတ်မှတ်ထားတဲ့ (𝟑 ) လ အတွင်းပဲ ရရှိမှာမို့လတ်ဆတ်တဲ့ ပင်လယ်စာ စစ်စစ် အရသာ ခံစားဖို့အခွင့်အရေးကို လက်လွှတ်မခံကြနဲ့နော်။𝐀𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐈𝐧 𝐀𝐥𝐥 𝐒𝐡𝐨𝐩“ကြေးအိုးဆို 𝐘𝐊𝐊𝐎 ”

YKKO နဲ့အတူ လက်တွဲလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။

YKKO နဲ့အတူ လက်တွဲလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။လက်ရှိ YKKO ဆိုင်ခွဲများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာ ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားပြီးဖြစ်တဲ့ YKKO ကနေ ပထမဦးဆုံး Franchise ဆိုင်ခွဲတွေအဖြစ် ထောက်ကြန့်၊ ပြည်၊ ပုသိမ်မြို့တို့မှာလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီးဖြစ်သလို တခြားသောမြို့တွေမှာလည်း ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှုပေးသွားချင်ပါတယ်။ဒါ့ကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးများမှအပ ကျန်မြို့ကြီးတိုင်းမှာရှိတဲ့ အကျိုးတူပူးပါင်းလိုသူ လုပ်ငန်းဖော်တွေကို ဖိတ်ခေါ်လိုက်ရင်း – မတူကွဲပြားတဲ့ ဒေသတွေဆီမှာ မပြောင်းလဲတဲ့ အရသာနဲ့အတူ နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် YKKO က စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်။YKKO နဲ့အတူ Franchise အဖြစ်လက်တွဲပြီး ရယူနိုင်မဲ့ အခွင့်အလမ်းအသေးစိတ်ကို မေးမြန်းစုံစမ်းလိုရင်တော့ Hotline နံပါတ် +959440133330 ကို […]

YKKO Myanmar Page စာမျက်နှာအသစ်

YKKO ​စားသုံးသူမိဘပြည်သူများအားလုံး မင်္ဂလာပါ မူလ “YKKO” Facebook Page ကို ပြန်လည်အသုံးပြုနိုင်ခြင်းမရှိသေးသည့်အတွက် စားသုံးသူမိဘပြည်သူများနှင့်အဆက်အသွယ်မပြတ်စေရန် “YKKO Myanmar” Facebook Page စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပရိုမိုးရှင်းကြော်ငြာများ၊ YKKO နှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များကို ယခု “YKKO Myanmar” Page စာမျက်နှာအသစ်မှတဆင့် စားသုံးသူမိဘပြည်သူတို့ထံ အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသဖြင့် Like and Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ New Page Link – https://www.facebook.com/YKKOOfficial/ ကြေးအိုးဆို YKKO

RGM Convention 2025 – Leading with Passion, Growing with Purpose!

Our Restaurant General Managers (RGMs) are the driving force behind our success, and this year’s RGM Convention was all about inspiring, empowering, and celebrating the incredible leaders who make it all happen! From powerful discussions to unforgettable team moments, the energy in the room was truly electrifying. Together, we reinforced our “How We Work Together” […]

YKKO ဂမုန်းပွင့်(မင်္ဂလာတောင်ညွှန့်)ဆိုင်ခွဲအသစ်

YKKO ဂမုန်းပွင့်(မင်္ဂလာတောင်ညွှန်)ဆိုင်ခွဲအသစ်ကို အောင်မြင်စွာဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ဆိုင်ခွဲ လိပ်စာ – အမှတ် ၄၅၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ဂမုန်းပွင့် Shopping Mall (ကန်တော်လေး)၊ မင်္ဂလာတောင်ညွှန်မြို့နယ်။ ဆိုင်ခွဲ ဖုန်းနံပါတ် – 09977 877 205 , 09977 877 206

We are now in Thailand!

ရန်ကင်းကြေးအိုး YKKO ဟာ (၃၆)နှစ်ကျော်ကြာ ရပ်တည်လာပြီးတဲ့အချိန်မှာ . . . ပထမဦးဆုံးသော ခြေလှမ်းသစ် တစ်ခုအဖြစ် Thailand မှာ စတင်နိုင်ခဲ့ပါပြီ။YKKO ရဲ့ မူလ အနံ့နဲ့ အရသာတွေအတိုင်း Thailand မှာလည်း နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေပြီမို့ အခွင့်ကြုံလို့ အခါသင့်ရင် MBK Center, B5 | 7th Floor မှာ ဖွင့်လှစ်ထားတဲ့ YKKO ဆီကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ

YKKO ပြည်မြို့ဆိုင်ခွဲဖွင့်ပြီ

ပြည်သူပြည်သားတွေအားလုံးစောင့်မျှော်နေကြတဲ့ YKKO ရန်ကင်းကြေးအိုး ပြည်ဆိုင်ခွဲကို မတ်လ(၂၃)ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကြေးအိုးအပြင် အရသာကောင်းတဲ့အကင်တွေ၊ ဖျော်ရည်တွေ မီနူးအစုံအလင်ရှိတာကြောင့် YKKO ပြည်ဆိုင်ခွဲကိုလာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။ ဆိုင်လိပ်စာ – နဝင်းကွက်သစ်၊ ရတနာလမ်းသွယ် နှင့် နဝရတ် ၂ လမ်း ထိပ်၊ ပြည်မြို့။(ပြည်တက္ကသိုလ် အနီး) ဆိုင်ဖုန်းနံပါတ် – 09773999814 ၊ 09-5376364 ဆိုင်ဖွင့်ချိန် – မနက် (၉)နာရီမှ ည(၈)နာရီ အထိ

YKKO ထောက်ကြန့်ဆိုင်ခွဲဖွင့်ပြီ

YKKO ရဲ့ဆိုင်ခွဲအသစ်ဖြစ်တဲ့ ထောက်ကြန့်ဆိုင်ခွဲကို ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဆိုင်စဖွင့်တဲ့မနက်ခင်းမှ ဆိုင်ပိတ်သည့်အချိန်ထိ တခဲနက်လာရောက်အားပေးခဲ့ကြသော စားသုံးသူ YKKO ချစ်သူများ၊ ကြေးအိုးချစ်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ YKKO မှ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးအရသာများကို စားသုံးသူများထံ အမြဲဝန်ဆောင်မှုပေးနိုင်ရန်အောင်ကြိုးစားသွားမှာဖြစ်လို့ ထောက်ကြန့်ဆိုင်ခွဲအသစ်ကိုလာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆိုင်ဖွင့်ချိန် – မနက် ၁၀ နာရီမှ ညနေ ၇ နာရီအထိ 📍ဆိုင်လိပ်စာ – အမှတ်(၂၃/က) ၊ ပြည်လမ်း ၊မြောက်ပိုင်းရပ်ကွက်၊ထောက်ကြန့်မြို့နယ်။ ကြေးအိုးဘယ်မှာစားမလဲ နှလုံးသားဖြင့် ဝန်ဆောင်မှုပေးနေပါတယ်