Member Card System အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်း!
YKKO Member Card System အဆင့်မြှင့်တင်မှုများပြုလုပ်နေပါသဖြင့် သြဂုတ်လ(၁၅) ရက်နေ့မှစ၍ YKKO တောင်မြင်းပြိုင်ကွင်းဆိုင်ခွဲ၊ ရွှေဂုံတိုင်ဆိုင်ခွဲ၊ M Tower ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲနှင့် စက်တင်ဘာလ (၁) ရက်နေ့မှစ၍ St.John City Mall ဆိုင်ခွဲ၊ စမ်းချောင်းဆိုင်ခွဲ၊ စံရိမ်ငြိမ်ဂမုန်းပွင့်ဆိုင်ခွဲများ၊ စက်တင်ဘာလ(၁၆) ရက်နေ့မှစ၍ သမိုင်းဆိုင်ခွဲ၊ မြန်မာပလာဇာဆိုင်ခွဲ၊ Junction City ဆိုင်ခွဲ၊ Junction Square ဆိုင်ခွဲများတွင် Points စုဆောင်းခြင်း၊ Points ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်၍မရနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ Franchise ဆိုင်ခွဲများဖြစ်သည့်(ပြည်ဆိုင်ခွဲ၊ ထောက်ကြန့်ဆိုင်ခွဲမှလွဲ၍) ကျန် YKKO ဆိုင်ခွဲများအားလုံးတွင် Member Card များအသုံးပြုနိုင်ပါသည်။ YKKO မှ ပြုလုပ်သည့် မည်သည့် In-Store Promotion မဆို […]
Member Card Point Reset အတွက်အသိပေးကြေညာခြင်း
YKKO (ရန်ကင်းကြေးအိုး) Member Card များအား နှစ်စဉ်စက်တင်ဘာလ (၃၀)ရက်နေ့ ညတွင် Member Card များရှိ Point များအားလုံးကို Reset (Balance 0) ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိမိတို့၏ ကဒ်များရှိ လက်ကျန် Point များကို ထိုညနေမတိုင်မှီ အကုန်အသုံးပြုပေးပါရန် အသိပေးပန်ကြားအပ်ပါသည်။ YKKO မှ ပြုလုပ်သည့် မည်သည့် In-Store Promotion မဆို လက်ကျန် member point များဖြင့်ပူးတွဲခံစားခွင့်ရှိပါကြောင်း အသိပေးအပ်ပါသည်။ မိမိကဒ်ထဲမှာ Points လက်ကျန်ကို YKKO ဆိုင်တွေမှာစစ်ဆေးနိုင်သလို YKKO Page Messenger မှာလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ YKKO အားအစဉ်အဆက်အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။
Member Card User များအတွက် T-Shirt လက်ဆောင်
Member Card Points နဲ့ဝယ်ရင် T-Shirt လက်ဆောင်ရမယ်တဲ့ဗျို့🎁 ကြေးအိုးချစ်သူတို့စီမှာ Member Card ထဲမှာ Points တွေရှိကြတယ်မလား အဲဒီ Points တွေနဲ့ YKKO ဆိုင်တွေမှာကြိုက်တဲ့ မီနူးစားပြီး Member card နဲ့အနည်းဆုံး Points (၁၅,၀၀၀)နှင့်အထက် ပေးချေလိုက်တာနဲ့ T-Shirt လက်ဆောင် (၁)ထည် လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ❗️နှစ်စဉ်စက်တင်ဘာလ (၃၀)ရက်နေ့ဆိုရင် Member Card ထဲမှာရှိတဲ့ Point များအားလုံးကို Reset (Balance 0) ပြုလုပ်သွားမှာဖြစ်လို့ ကဒ်ထဲက Points တွေကိုများများသုံးပြီး လက်ဆောင်ရယူထားလိုက်တော့နော်။ 📆 ဒီပရိုမိုရှင်းကို YKKO ဆိုင်ခွဲတွေမှာ (တောင်မြင်းပြိုင်ကွင်းဆိုင်ခွဲ၊ ရွှေဂုံတိုင်ဆိုင်ခွဲ၊ စမ်းချောင်းဆိုင်ခွဲ၊ M Tower ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲ၊ ပြည်ဆိုင်ခွဲ၊ […]
YKKO ပြည်မြို့ဆိုင်ခွဲဖွင့်ပြီ
ပြည်သူပြည်သားတွေအားလုံးစောင့်မျှော်နေကြတဲ့ YKKO ရန်ကင်းကြေးအိုး ပြည်ဆိုင်ခွဲကို မတ်လ(၂၃)ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကြေးအိုးအပြင် အရသာကောင်းတဲ့အကင်တွေ၊ ဖျော်ရည်တွေ မီနူးအစုံအလင်ရှိတာကြောင့် YKKO ပြည်ဆိုင်ခွဲကိုလာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။ ဆိုင်လိပ်စာ – နဝင်းကွက်သစ်၊ ရတနာလမ်းသွယ် နှင့် နဝရတ် ၂ လမ်း ထိပ်၊ ပြည်မြို့။(ပြည်တက္ကသိုလ် အနီး) ဆိုင်ဖုန်းနံပါတ် – 09773999814 ၊ 09-5376364 ဆိုင်ဖွင့်ချိန် – မနက် (၉)နာရီမှ ည(၈)နာရီ အထိ
YKKO ထောက်ကြန့်ဆိုင်ခွဲဖွင့်ပြီ
YKKO ရဲ့ဆိုင်ခွဲအသစ်ဖြစ်တဲ့ ထောက်ကြန့်ဆိုင်ခွဲကို ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဆိုင်စဖွင့်တဲ့မနက်ခင်းမှ ဆိုင်ပိတ်သည့်အချိန်ထိ တခဲနက်လာရောက်အားပေးခဲ့ကြသော စားသုံးသူ YKKO ချစ်သူများ၊ ကြေးအိုးချစ်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ YKKO မှ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးအရသာများကို စားသုံးသူများထံ အမြဲဝန်ဆောင်မှုပေးနိုင်ရန်အောင်ကြိုးစားသွားမှာဖြစ်လို့ ထောက်ကြန့်ဆိုင်ခွဲအသစ်ကိုလာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆိုင်ဖွင့်ချိန် – မနက် ၁၀ နာရီမှ ညနေ ၇ နာရီအထိ 📍ဆိုင်လိပ်စာ – အမှတ်(၂၃/က) ၊ ပြည်လမ်း ၊မြောက်ပိုင်းရပ်ကွက်၊ထောက်ကြန့်မြို့နယ်။ ကြေးအိုးဘယ်မှာစားမလဲ နှလုံးသားဖြင့် ဝန်ဆောင်မှုပေးနေပါတယ်
အရသာ (၄) မျိုးနဲ့ ရန်ကင်းထမင်းပေါင်းမီနူးအသစ်
YKKO မှာလက်ရှိရောင်းချနေတဲ့ ထမင်းပေါင်းမီနူးအပြင် အရသာ (၄)မျိုးနဲ့ ချက်ပြုတ်ထားတဲ့ရန်ကင်းထမင်းပေါင်းမီနူးအသစ်တွေကို ဒီဇင်ဘာလ (၂၂) ရက်နေ့မှစတင်ပြီး Yankin Express by YKKO ဆိုင်ခွဲတွေဖြစ်တဲ့ အင်းစိန်ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲနှင့်Junction City Food Streat ဆိုင်ခွဲတွေမှာ ရောင်းချသွားတော့မှာဖြစ်ပါတယ်။ YKKO မှာထမင်းပေါင်းအမြဲတမ်းစားနေကြသူတွေဆိုရင် အခုအသစ်မိတ်ဆက်လိုက်တဲ့ထမင်းပေါင်းအရသာက သင့်ကိုပိုပြီးစွဲလမ်းသွားစေမှာသေချာပါတယ်။ ရောင်းချသွားမယ့်ထမင်းပေါင်းအရသာ (၄)မျိုးက 🔸Grilled Pork Collar ဝက်ဂုတ်သားကင် 🔸 Chicken Chop ကြက်ပေါင်အရိုးထုတ် 🔸 Steamed Chicken ကြက်ပေါင်း 🔸Tonkatsu Pork Cutlet ဂျပန်ဝက်သားကြော် တို့ပဲဖြစ်ပါတယ်။
Cook At Home by YKKO
ထုတ်ပိုးမှုပုံစံ အသွင်သစ်နဲ့ (၅)မိနစ် အသင့်ချက်ကြေးအိုးထုပ် 🤗 ရန်ကင်းကြေးအိုးရဲ့မူလအရသာအတိုင်း မပြောင်းလဲဘဲထုတ်လုပ်ထားတဲ့ အသင့်ချက်ကြေးအိုးထုပ်တွေကို ဆွဲဆောင်မှုရှိတဲ့ ထုပ်ပိုးမှုပုံစံအသစ်နဲ့ထပ်မံထုတ်လုပ်ထားပါတယ်။ အသင့်ချက်ကြေးအိုးထုပ်တွေကို ဆိုင်ချက်အရသာအတိုင်းရရှိအောင် အသားလုံးအစစ်တွေနဲ့အတူ ပါဝင်ပစ္စည်းတိုင်းကို အချိုးကျကျပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဆိုင်ချက်ရန်ကင်းကြေးအိုး အရသာစစ်စစ်ကို အိမ်မှာ (၅)မိနစ်တည်းနဲ့ အလွယ်တကူချက်စားနိုင်မှာပါ။ ရရှိနိုင်တဲ့ကြေးအိုးထုပ်အမျိုးအစားတွေကတော့ ကြေးအိုးအရည်(ကြက်၊ ဝက်) နဲ့ ကြေးအိုးဆီချက်(ကြက်၊ဝက်) ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရန်ကုန်မြို့ရှိ YKKO ဆိုင်ခွဲများနှင့် City Mart, Ocean Supercenter, marketplace by City Mart ဆိုင်တွေမှာဝယ်ယူနိုင်ပါတယ်။ အသင့်ချက်ကြေးအိုးထုပ်တွေက HACCP လက်မှတ်ရရှိထားတာကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးစိတ်ချရတဲ့အပြင် တာရှည်ခံဆေးတွေ (လုံးဝ) အသုံးမပြုထားတဲ့အတွက် ယုံကြည်စိတ်ချစွာအားပေးနိုင်ပါတယ်။
Yankin Express By YKKO
YANKIN EXPRESS ဆိုတာအစားအသောက်တွေကို ဈေးနှုန်းသက်သာပြီး အရသာရှိရှိသုံးဆောင်လိုတဲ့စားသုံးသူတွေအတွက် YKKO ကနေအသစ်မိတ်ဆက်လိုက်တဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ အိမ်မှာချက်ပြုတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေ၊ သန့်ရှင်းလတ်ဆက်ပြီးအစားအသောက်ကောင်းတွေကို တစ်နေရာထဲမှာသုံးဆောင်လိုသူတွေအတွက် YANKIN EXPRESS မီနူးတွေက ရွေးချယ်စရာတစ်ခုဖြစ်မှာပါ။ နိုင်ငံအရပ်ရပ်မှ အရသာရှိပြီး လူကြိုက်များတဲ့အစားအစာတွေရဲ့ Authentic အရသာစစ်စစ်တွေကို တစ်နေရာထဲမှာ အစုံအလင်ရောင်းချသွားမှာဖြစ်လို့ လာရောက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။