Member Card System အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်း!

YKKO Member Card System အဆင့်မြှင့်တင်မှုများပြုလုပ်နေပါသဖြင့် သြဂုတ်လ(၁၅) ရက်နေ့မှစ၍ YKKO တောင်မြင်းပြိုင်ကွင်းဆိုင်ခွဲ၊ ရွှေဂုံတိုင်ဆိုင်ခွဲ၊ M Tower ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲနှင့် စက်တင်ဘာလ (၁) ရက်နေ့မှစ၍ St.John City Mall ဆိုင်ခွဲ၊ စမ်းချောင်းဆိုင်ခွဲ၊ စံရိမ်ငြိမ်ဂမုန်းပွင့်ဆိုင်ခွဲများ၊ စက်တင်ဘာလ(၁၆) ရက်နေ့မှစ၍ သမိုင်းဆိုင်ခွဲ၊ မြန်မာပလာဇာဆိုင်ခွဲ၊ Junction City ဆိုင်ခွဲ၊ Junction Square ဆိုင်ခွဲများတွင် Points စုဆောင်းခြင်း၊ Points ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်၍မရနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ Franchise ဆိုင်ခွဲများဖြစ်သည့်(ပြည်ဆိုင်ခွဲ၊ ထောက်ကြန့်ဆိုင်ခွဲမှလွဲ၍) ကျန် YKKO ဆိုင်ခွဲများအားလုံးတွင် Member Card များအသုံးပြုနိုင်ပါသည်။

YKKO မှ ပြုလုပ်သည့် မည်သည့် In-Store Promotion မဆို လက်ကျန် member point များဖြင့်အသုံးပြုနိုင်ပါသည်။

Member Card များအား နှစ်စဉ်စက်တင်ဘာလ (၃၀)ရက်နေ့ ညတွင် Member Card များရှိ Point များအားလုံးကို Reset (Balance 0) ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိမိတို့၏ ကဒ်များရှိ လက်ကျန် Point များကို ထိုညနေမတိုင်မှီ အကုန်အသုံးပြုပေးပါရန် အသိပေးပန်ကြားအပ်ပါသည်။ ကျေးဇူးတင်ပါသည်။

Share this post

Get to know more!